Skip to main content

၂၀၁၂ ပဋိပက္ခကြောင့် မီးလောင်ပြင်ရောက် အိမ်ထောင်စုများကို မင်းဂံရပ်ကွက်၌ မြေကွက်ချပေးမည်


စစ်တွေမြို့တွင် ၂၀၁၂ ပဋိပက္ခဖြစ်စဉ်များကြောင့် ဖြစ်ပွားခဲ့သည့် မီးလောင်ပြင်၌ နေထိုင်သည့် အိမ်ထောင်စု ၄၇၀ ကျော်ကို မင်းဂံရပ်ကွက်၌ မြေ ကွက်များ ချထားပေးမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရထံ သတင်းရရှိသည်

‘‘မီးလောင်ပြင်မှာ နေထိုင် နေတဲ့သူတွေကို ကွင်းဆင်းစစ် ဆေးလိုက်တဲ့အခါ အမှန်တကယ် အိမ်မရှိ၊ ယာမရှိ မြေမရှိတဲ့သူတွေ ရှိသလို တချို့ကလည်း သီးသန့် နေရာလိုချင်လို့ နေရာယူထားတာ တွေ ရှိနေတယ်။ အဲဒီအတွက် အိမ်ထောင်စု ၄၇၀ ကို နေရာချပေးဖို့ စီစဉ်လိုက်တာ ဖြစ်ပါ တယ်’’ဟု ရခိုင်ပြည်နယ်အစိုးရအ ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

လက်ရှိတွင် မြေနေရာချထားရေးအတွက် မြေကွက်တိုင်းတာ ခြင်းလုပ်ငန်းများကို မြေစာရင်းဌာနက စတင်ဆောင်ရွက်နေပြီး မကြာမီမြေကွက်များ ချထားပေးမည်ဟု ဆိုသည်။

‘‘အခု ချပေးမယ့်နေရာက ကိုယ့်ရခိုင်တွေနဲ့ နီးတယ်ဆိုရင် ပြောင်းရွှေ့ချင်ပါတယ်။ ဘင်္ဂါလီ တွေနဲ့ နီးတဲ့နေရာ ဆိုရင်တော့ သိပ်ပြီးတော့ မနေရဲပါဘူး’’ ဟု နာဇီရပ်ကွက် မီးလောင်ပြင်တွင် နေထိုင်သူ မဆန်းနွယ်ဦးက ပြောကြားသည်။

စစ်တွေမြို့ နာဇီရပ်ကွက် မီး လောင်ပြင်နှင့် စစ်တွေဟိုတယ် သွားလမ်းရှိ မီးလောင်ပြင်တွင် ပေါက်တော၊ ကျောက်တော်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ်မှ ကျပန်းအ လုပ်သမားများနှင့် လက်လုပ် လက်စားများ ၀င်ရောက်နေထိုင် လျက်ရှိသည်။

မူရင်းlink>>> http://www.7daydaily.com/story/55253

Comments

Popular posts from this blog

Jas အိမ်​မက်​ကျမ်း apk

သင့်​ရဲ့အိပ်​မက်​​တွေကိုဒီapk​လေးက ဘာသာပြန်​​ပေးပါလိမ့်​မယ်​ အိပ်​မက်​​တွေကို အ​ကောင်​အထည်​​ဖော်​လိုပါသလား ကျ​နော်​အခုတင်​​ပေးတဲ့ apk​လေးကို​ဆောင်​ထားရုံပါဘဲ အက္ခာအစုံပါပါတယ်​ ဥပမာ။ ။က(ကကြီး)နဲ့စတဲ့ အိပ်​မက်​​တွေ ခ(ခ​ခွေး)အက္ခရာနဲ့စတဲ့ အိပ်​မက်​​တွေဆိုဘယ်​လိုလည်း​ပေါ့ အစုံဘဲဗျို့ မိန်းက​လေး​တွေ ပိုပြီး​တော့ သ​ဘောကြမဲ့ apk​လေးပါ

Stock ROM Acer Liquid Z4 Z160 – AAP_CUS4 Jelly Bean 4.2.2

Credit ဖုန်းနှင့်​ဆိုင်​ရာ ဒေါင်းလို့ ရလာတဲ့ zip ဖိုင်ကို zip ဖြည်လိုက်ပါ။ ပြီးရင် firmware တင်ဖို့  အတွက် SD card ကောင်းကောင်းတစ်ခုထဲသို့ စောစောက zip ဖြည့်ထား တဲ့ဖိုဒါထဲက Updatezip ဖိုင်ကို copy ကူးထည့်ပါ

photograph နှင့်​ဆိုင်​​သောစာအုပ်​များစုစီးမှု

Photographဝါသနာအိုးများအတွက်ဓာတ်​ပုံရိုက်​ခြင်းနှင့်​ဆိုင်​​သောစာအု​လေး​တွေတွ တင်​​ပေးလိုက်​ပါတယ်​  ဒီဇိုင်း​တွေလည်းစုံတယ်​ဗျာ ဓာတ်​ပုံရိုက်​တာဝါသနာပါတဲ့ ​ဘော်​​ဘော်​​တွေအတွက်​ သင်​တန်း​တွေ​တောင်​တက်​စရာမလို​တော့ဘူး​ပေါ့ ဒီစာအုပ်​​လေး​တွေ​လေ့လာပြီးတာနဲ့တင်​ လုံ​လောက်​​မယ်​ထင်​ ​​တွေ့တုန်းဆွဲထားဗျို့