Skip to main content

✔​​ဖေ့စ်ဘွတ်ရှယ်ယာ ၉၉ ရာခိုင်နှုန်းလှူဒါန်းမည့် မက်ခ် ဇူကာဘက်✔







ဖေ့စ်ဘွတ် သန်းကြွယ်သူဌေး မက်ခ်ဇူကာဘက်က၎င်း၏ဖေ့စ်ဘွတ်ကုမ္ပဏီပိုင် ရှယ်ယာ ၉၉ ရာခိုင်နှုန်း ဒေါ်လာ ၄၅ ဘီလီယံကျော်ခန့်ကို လူမှုအကျိုးပြုလုပ်ငန်းများသို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ဇူကာဘက်နှင့်ဇနီး ပရစ္စလီယာချန်းက ၎င်းတို့၏ သမီးဦးရတနာလေး မက် မွေးဖွားပြီးနောက် အဆိုပါ လှူဒါန်းမည့်အစီအစဉ်ကို ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့က ကလေးသူငယ်အားလုံးအတွက် ဖွံ့ဖြိုးတိုးတက်သောကမ္ဘာကြီးနှင့် လူသားတို့၏ အလားအလာကောင်းများတိုးတက်စေလိုသော ရည်ရွယ်ချက်ဖြင့် လှူဒါန်းခြင်းဖြစ်ကြောင်း ပြောကြားသည်
။ ဒီဇင်ဘာ ၁ ရက်က ထုတ်ပြန်ခဲ့သည့် ကြေညာ ချက်တွင် ဖေ့စ်ဘွတ်တည်ထောင်သူနှင့် အမှုဆောင် အရာရှိချုပ် ဇူကာဘက်က ၎င်းနှင့် ဇနီးသည်တို့သည် ကလေးသူငယ်များအတွက် ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍများတွင် ထောက်ပံ့ကူညီရန် ဖောင်ဒေးရှင်းအသစ် တစ်ခုတည်ထောင်ထားသည်ဟု ဆိုသည်။ ဇူကာဘက်က လူသားအားလုံးတန်းတူညီမျှခွင့်ရှိရ မည်ဟု ယုံကြည်ကြောင်းနှင့် အနာဂတ်မျိုးဆက်များ ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူ့အဖွဲ့အစည်းက ယနေ့အချိန်အခါတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် တာဝန်ရှိသည်ဟု ပြောကြားသည်။ အလှူအတန်းများရက်ရောစွာပြုလုပ်သော သြဇာ တိက္ကမကြီးမားသည့် စီးပွားရေးလုပ်ငန်းရှင်များတွင် ဇူကာဘက် တစ်ဦးတည်းသာ မဟုတ်ပေ။ မိုက်ခရိုဆော့ဖ် တည်ထောင်သူ ဘီလ်ဂိတ်သည် ဖောင်ဒေးရှင်းတစ်ခု တည်ထောင်၍ အလှူအတန်းများပြုလုပ်နေသကဲ့သို့ နာမည်ကျော် စီးပွားရေးလုပ်ငန်းရှင်ဝါရန် ဘက်ဖက်တ် သည်လည်း ရက်ရောသော ပရဟိတဒါနရှင်တစ်ဦးဖြစ်သည်။ သမီးလေး မွေးဖွားလာပြီးနောက် ၎င်းပိုင် Facebook ရှယ်ယာ ၉၉ ရာခိုင်နှုန်းကို လှူဒါန်းသွားမည်ဖြစ်ကြောင်း Facebook ဝက်ဘ်ဆိုက်ထူထောင်သူ မာ့ခ်ဇူကာဘက်က ကြေညာလိုက်သည်။ ဇူကာဘက်၏ ဇနီးသည် ပရစ္စလီယာချန်သည် ပြီးခဲ့သည့် သီတင်းပတ်အတွင်းက သမီးလေး မက်စ်ကို ဖွားမြင်ခဲ့သည်။ မက်စ်သည် ဇူကာဘက်တို့ ဇနီးမောင်နှံ၏ ပထမဆုံး ရင်သွေးလေးလည်း ဖြစ်သည်။ သမီးလေး မွေးဖွားလာပြီးနောက် ပျော်ရွှင်နေသည့် ဇူကာဘက်က ၎င်း၏ Facebook စာမျက်နှာတွင် မက်စ်အတွက် ရည်စူးသော ကြေညာချက်တစ်စောင်ကို ရေးသားခဲ့ပြီး Facebook ရှယ်ယာများ လှူဒါန်းမည့် သတင်းကို ဖော်ပြခဲ့ခြင်း ဖြစ်သည်။ Facebook ရှယ်ယာများကို ၎င်းတို့ စုံတွဲ ပူးပေါင်းတည်ထောင်ထားသည့် ချန်ဇူကာဘက် လူမှုအကျိုးပြု ဖောင်ဒေးရှင်းထံသို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း၊ မိမိပိုင် Facebookရှယ်ယာ ၉၉ ရာခိုင်နှုန်းအတွက် ယနေ့ခေတ် ကာလပေါက်ဈေးသည် ဒေါ်လာ ၄၅ ဘီလီယံဖိုးမျှရှိကြောင်း ဇူကာဘက်က ပြောကြားထားသည်။

Comments

Popular posts from this blog

Jas အိမ်​မက်​ကျမ်း apk

သင့်​ရဲ့အိပ်​မက်​​တွေကိုဒီapk​လေးက ဘာသာပြန်​​ပေးပါလိမ့်​မယ်​ အိပ်​မက်​​တွေကို အ​ကောင်​အထည်​​ဖော်​လိုပါသလား ကျ​နော်​အခုတင်​​ပေးတဲ့ apk​လေးကို​ဆောင်​ထားရုံပါဘဲ အက္ခာအစုံပါပါတယ်​ ဥပမာ။ ။က(ကကြီး)နဲ့စတဲ့ အိပ်​မက်​​တွေ ခ(ခ​ခွေး)အက္ခရာနဲ့စတဲ့ အိပ်​မက်​​တွေဆိုဘယ်​လိုလည်း​ပေါ့ အစုံဘဲဗျို့ မိန်းက​လေး​တွေ ပိုပြီး​တော့ သ​ဘောကြမဲ့ apk​လေးပါ

သိုင်းစာအုပ်တွေဖတ်မယ်

                                                    မင်္ဂလာပါ သူငယ်ချင်းတွေအတွက်သိုင်းစာအုပ်လေးတွေပြန်လည်မျှဝေပေးလိုက်ပါတယ် copyပါ မူရင်းပိုင်ရှင်ကို creditပေးပါတယ်  (၁)ရှောင်လင်ကိုစိန်ခေါ်သူ (ရဲမင်းဟိန်း) http://www.mediafire.com/?bc9t9zbg7i4ja4w (၂)တိမ်လွှမ်းတောင်မှတစ္ဆေရယ်သံ မိုးကျော်သူ http://www.mediafire.com/?j96a88f3kxfqum4 (၃)ဓားတစ်ရာ ကြွေပန်းချီ ၁-(နေလင်းအောင်) http://www.mediafire.com/?29tkqdhe6dmqxgj (၄)ဓားတစ်ရာ ကြွေပန်းချီ ၂(နေလင်းအောင်) http://www.mediafire.com/?8i7ye66t63a9asj (၅)ဓားတစ်ရာ ကြွေပန်းချီ ၃(နေလင်းအောင်) http://www.mediafire.com/?17my185xxxxvk6q (၆)ဓားတစ်ရာ ကြွေပန်းချီ ၄(နေလင်းအောင်) http://www.mediafire.com/?igag5ri4h6yy46t (၇)မိုးကျော်သူ အန္တရယ်ကွန်ချာ သိုင်းဝင်္ကပါ http://www.mediafire.com/?g7qfiud3615c6k5 (၈)သီဟအောင် တိမ်ဖြူသခင်မ ၁ http://www.mediafire.com/?5vdd4f17o1tekt7 (၉)သီဟအောင် တိမ်ဖြူသခင်မ ၂ ht...

ကျမကနှင်းဆီပါ​မောင်

ကဲဗျာ ဖွဘွတ်​မှာ​တော်​​တော်​​လေးနာမည်​ကြီး​နေလို့တင်​​ပေးလိုက်​တယ်​​နှော်​ စာ​ရေးဆရာ။......ပုညခင်​ စာအုပ်​အမည်​။.....ကျွန်​မကနှင်းဆီပါ​မောင်​  ​ ➳ ➳ ➳ Download Here ➳ ➳ ➳ အဆင်​​ပြေပါ​စေ     ချစ်​သူ​မောင်​(နည်းပညာ ခရီးသွား)