Skip to main content

ဒီချုပ်​အစိုးရတက်လျှင်​အ​ရေးယူခံရမည်​ကို စိုးရိမ်​​နေသူများအား ပြုပြင်​ခွင့်​​ပေးမည်










အမျိုးသား ဒီမိုက ရေစီ အဖွဲ့ချုပ် အစိုးရ တက်လာပါ က အရေးယူ ခံရမည်ကို စိုးရိမ်နေ သူများအား နိုင်ငံ ကောင်းစားရေး အတွက် ပြုပြင်ခွင့် ပေးမည်ဖြစ် ပြီး မည်သူ့ကိုမျှ လက်တုံ့ ပြန်ရန် မရှိဟု ဒေါ်အောင်ဆန်း စုကြည် က ပြောကြား ခဲ့ကြောင်း သတင်း ရရှိသည်။


ဒီဇင်ဘာ ၅ ရက်က နေပြည် တော် ပျဉ်းမနား မြို့ရှိ မေခန်းမ တွင် အထက် မြန်မာပြည်မှ အမျိုး သား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ၏ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်လောင်း ၄၂၀ ဦးနှင့် တွေ့ဆုံပွဲ၌ ဒီချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ယင်းကဲ့သို့ ပြောကြား ခဲ့သည်ဟု တွေ့ဆုံပွဲသို့ တက်ရောက် လာသော လွှတ်တော် ကိုယ်စားလှယ်လောင်း များက ပြောသည်။

အတိတ်သည် အနာဂတ် အတွက် သင်ခန်းစာ ယူရန်ဖြစ်ပြီး အာဃာတ ထား၍ ကလဲ့စားချေ ရန် မဟုတ်ကြောင်း၊ ညီညွတ် သောနိုင်ငံကို တစ်ဦးနှင့် တစ်ဦးယုံ ကြည်မှု ရှိသော စိတ်ဓာတ် မျိုးဖြင့် တည်ဆောက် သွားရန် လိုအပ် ကြောင်း ဒေါ်အောင်ဆန်း စုကြည် က ဒီချုပ် အမတ်လောင်း များအား ပြောကြား ခဲ့သည်။

‘‘NLD ကများ တက်လာမယ် ဆိုရင် အရေးယူ တာတွေ၊ ဖိနှိပ် ချုပ်ချယ် တာတွေများ ရှိမလား ဆို ပြီး စိုးရိမ် ပူပန် မှုတွေ၊ မေးခွန်းတွေ ရှိတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ သူ(ဒေါ်အောင်ဆန်းစု ကြည်) ပြောတာက NLD က အခု နေရာ ယူလာတာ တိုင်းပြည်ကို အုပ်ချုပ်လာတဲ့ အခါ ပြုပြင်ခွင့် ပေးမယ်။ ပြုပြင်ကြဖို့ လိုမယ်။ အဲ ဒီလိုပြုပြင်နိုင်တဲ့ အခွင့်အရေး ပေးမယ်။ ဘယ်သူ့ကိုမှ လက်တုံ့ပြန် လက်စားချေဖို့ မရှိဘူး’’ဟု တွေ့ဆုံ ပွဲသို့ တက်ရောက် ခဲ့သူ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် လောင်း ဦးအောင်ကြည်ညွန့်က ပြောသည်။

နိုင်ငံ ကောင်းစားရေး အတွက် နိုင်ငံသား အားလုံးကို တန်း တူ အခွင့်အရေး ပေးနိုင်ရန် အမျိုး သား ဒီမိုကရေစီ အဖွဲ့ချုပ်က ကြိုး စားသွား မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောကြား ခဲ့သည်ဟု ဦးအောင်ကြည်ညွန့်က ဆက်လက် ပြောသည်။

ဒီချုပ် လွှတ်တော် ကိုယ်စား လှယ်များ အနေဖြင့် ပြည်သူများ အပေါ် သစ္စာ ရှိစွာဖြင့် လုပ်ဆောင်ကြရန် ဒေါ်အောင်ဆန်း စုကြည်က တိုက်တွန်း ခဲ့သည်။

‘‘ပြည်သူ့ အတွက် တာဝန် ကြီး တစ်ရပ် ထမ်းဆောင်ဖို့ အ တွက် ပြည်သူက ပေးလိုက်တဲ့ တာ ၀န်ကြီး တစ်ရပ် ဖြစ်တယ်လို့ မှာ သွားပါတယ်။ ရှုံးသွားတဲ့ ဘက်ကို တစ်ပြေးတည်း ဆက်ဆံ ရမယ်။ နိုင်တယ်၊ ရှုံးတယ် ဆိုတာ သဘာ ၀ တစ်ခုပဲ လို့လည်း မှာသွား ပါ တယ်’’ ဟု မန္တလေးတိုင်း ဒေသကြီး အမရ ပူရ မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမောင်မောင်အေးက ပြောသည်။

ရွေးကောက် ပွဲတွင် ရှုံးနိမ့် သွားသူ များကို သဘောထား ကြီး စွာ ဆက်ဆံ ရမည်ဖြစ်ပြီး တိုင်း ပြည် တိုးတက်ရေး အတွက် ပူး ပေါင်းဆောင်ရွက် ရမည့် စိတ်ထား မျိုး ထားရမည် ဖြစ်ကြောင်းလည်း လွှတ်တော် ကိုယ်စားလှယ် များအား ဒေါ်အောင်ဆန်း စုကြည်က ပြောကြား ခဲ့သည်။

ထို့အပြင် ရွေးကောက်ပွဲ တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲပေး ခဲ့သူနှင့် မဲမပေးသူ ဟူ၍ ခွဲခြား ဆက်ဆံ သွားမည် မဟုတ်ကြောင်း၊ ပြည်သူ များအား လုံးကို တန်းတူ ညီမျှ အခွင့်အရေး ပေးနိုင်အောင် လွှတ်တော်ကိုယ် စားလှယ်များက အစွမ်းကုန် ကြိုး စားကြရန် ကိုလည်း ဒေါ်အောင် ဆန်းစုကြည်က တိုက်တွန်းခဲ့ ကြောင်း လွှတ်တော် ကိုယ်စား လှယ်လောင်း အချို့က ပြောကြားသည်။

လွှတ်တော် ကိုယ်စားလှယ် များအား ပြည်သူ များက နိုင်ငံ ပြောင်းလဲရေး လုပ်ဆောင်ပေးရန် ယုံကြည် အားကိုး စိတ်ဖြင့် မဲပေး ရွေးချယ် ခဲ့ခြင်းဖြစ်သည့် အတွက် ပြည်သူ့ အကျိုး တစ်ခုတည်း ကိုသာ ကြည့်ပြီး ဆောင်ရွက် သွားရန် အထူး မှာကြား ခဲ့ကြောင်း တောင်သာမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝိုင်းချစ်အောင်က ပြောသည်။

ဒေါ်အောင်ဆန်း စုကြည်က ဒီချုပ် ပါတီ၏ ရွေးကောက်ပွဲ အနိုင် ရစစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်း ဒေသကြီး၊ ကချင်၊ရှမ်း၊ချင်းနှင့် ကယားပြည်နယ်တို့မှ လွှတ်တော် ကိုယ်စားလှယ် လောင်းများနှင့် တွေ့ဆုံ ခဲ့သည်။

တွေ့ဆုံပွဲတွင် ပါတီနာယ က သူရ ဦးတင်ဦး ကလည်း လွှတ် တော် ကိုယ်စားလှယ်များ အနေ ဖြင့် ပြည်သူများ၏ မျှော်လင့်ချက် ဖြစ်သော နိုင်ငံ တိုးတက်ပြောင်း လဲရန် ဖြည့်ဆည်း ပေးနိုင်ရေးအ တွက် လုံ့လစိုက် ဆောင်ရွက်ကြ ရန်နှင့် ကိုယ်စားလှယ် လောင်းများ ၏ အရည်အချင်း ပြည့်ဝအောင် လေ့လာမှုများ ပြုလုပ်ရန် မှာကြား ခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲတွင် သ တင်း မီဒီယာများ အနေဖြင့် ပါတီ နာယက သူရ ဦးတင်ဦး အမှာစကား ပြောကြားသည် အထိ သ တင်းယူခွင့် ရခဲ့ကာ ဒေါ်အောင် ဆန်း စုကြည် အမှာစကား ပြော ကြားမည့် အချိန်တွင် ခန်းမပြင်ပ သို့ ထွက်ခွာ ပေးရန် မေတ္တာ ရပ်ခံ ခဲ့သည်။

ပြီးခဲ့သည့်နိုဝင်ဘာ ၂၈ ရက်က ရန်ကုန်မြို့တွင် အောက်မြန်မာ ပြည်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနိုင်ရ လွှတ်တော် ကိုယ်စားလှယ် များနှင့် တွေ့ဆုံပွဲ တွင်လည်း လွှတ်တော် ကိုယ်စားလှယ် များ၏ လစာကို ရာခိုင်နှုန်း အလိုက် ဖြတ်တောက်ခြင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ပါတီ၏ မူဝါဒ သဘောထား များကို လေ့လာ ထားရန်၊ အလွဲ သုံးစားပြုမည့် သူများကို တရား ဥပဒေ အရ အရေးယူမှု များပြုလုပ်မည် စသည် တို့ကို ဒေါ်အောင်ဆန်း စုကြည်က မှာကြား ခဲ့သည်။


မူရင်းဆိုဒ်​>>>>http://www.7daydaily.com/story/52566


             chitthumaung2018.blogspot.com

Comments

Popular posts from this blog

Jas အိမ်​မက်​ကျမ်း apk

သင့်​ရဲ့အိပ်​မက်​​တွေကိုဒီapk​လေးက ဘာသာပြန်​​ပေးပါလိမ့်​မယ်​ အိပ်​မက်​​တွေကို အ​ကောင်​အထည်​​ဖော်​လိုပါသလား ကျ​နော်​အခုတင်​​ပေးတဲ့ apk​လေးကို​ဆောင်​ထားရုံပါဘဲ အက္ခာအစုံပါပါတယ်​ ဥပမာ။ ။က(ကကြီး)နဲ့စတဲ့ အိပ်​မက်​​တွေ ခ(ခ​ခွေး)အက္ခရာနဲ့စတဲ့ အိပ်​မက်​​တွေဆိုဘယ်​လိုလည်း​ပေါ့ အစုံဘဲဗျို့ မိန်းက​လေး​တွေ ပိုပြီး​တော့ သ​ဘောကြမဲ့ apk​လေးပါ

သိုင်းစာအုပ်တွေဖတ်မယ်

                                                    မင်္ဂလာပါ သူငယ်ချင်းတွေအတွက်သိုင်းစာအုပ်လေးတွေပြန်လည်မျှဝေပေးလိုက်ပါတယ် copyပါ မူရင်းပိုင်ရှင်ကို creditပေးပါတယ်  (၁)ရှောင်လင်ကိုစိန်ခေါ်သူ (ရဲမင်းဟိန်း) http://www.mediafire.com/?bc9t9zbg7i4ja4w (၂)တိမ်လွှမ်းတောင်မှတစ္ဆေရယ်သံ မိုးကျော်သူ http://www.mediafire.com/?j96a88f3kxfqum4 (၃)ဓားတစ်ရာ ကြွေပန်းချီ ၁-(နေလင်းအောင်) http://www.mediafire.com/?29tkqdhe6dmqxgj (၄)ဓားတစ်ရာ ကြွေပန်းချီ ၂(နေလင်းအောင်) http://www.mediafire.com/?8i7ye66t63a9asj (၅)ဓားတစ်ရာ ကြွေပန်းချီ ၃(နေလင်းအောင်) http://www.mediafire.com/?17my185xxxxvk6q (၆)ဓားတစ်ရာ ကြွေပန်းချီ ၄(နေလင်းအောင်) http://www.mediafire.com/?igag5ri4h6yy46t (၇)မိုးကျော်သူ အန္တရယ်ကွန်ချာ သိုင်းဝင်္ကပါ http://www.mediafire.com/?g7qfiud3615c6k5 (၈)သီဟအောင် တိမ်ဖြူသခင်မ ၁ http://www.mediafire.com/?5vdd4f17o1tekt7 (၉)သီဟအောင် တိမ်ဖြူသခင်မ ၂ ht...

ကျမကနှင်းဆီပါ​မောင်

ကဲဗျာ ဖွဘွတ်​မှာ​တော်​​တော်​​လေးနာမည်​ကြီး​နေလို့တင်​​ပေးလိုက်​တယ်​​နှော်​ စာ​ရေးဆရာ။......ပုညခင်​ စာအုပ်​အမည်​။.....ကျွန်​မကနှင်းဆီပါ​မောင်​  ​ ➳ ➳ ➳ Download Here ➳ ➳ ➳ အဆင်​​ပြေပါ​စေ     ချစ်​သူ​မောင်​(နည်းပညာ ခရီးသွား)